Monday, April 20, 2009

အချိန်နှင့်အမျှ


စက္ကန့်၆၀ ၁မိနစ်

ကိုယ့်ရဲ့ဘ၀မှာ မင်းသာအချစ်...

မိနစ်၆၀ ၁နာရီ

ကိုယ့်ရဲ့ဘ၀မှာ မင်းသာအတည်...

၂၄နာရီ ၁ရက်

ကိုယ့်ရဲ့ဘ၀မှာ မင်းသာအသက်...

Friday, March 27, 2009

ပိတောက်သစ္စာ

Photobucket


လမ်းမပေါ်မှာ ရွှေရောင်ဝင်းဝါ

တစ်နှစ်တစ်ခါ ကျရောက်လာ...

မြေခရှာတဲ့ ပိတောက်ပွင့်တွေတော့

ငါ့ကိုမသိ...။

ဒါပေမယ့် ဒီပိတောက်ပင်ကြီးတော့

တချိန်က ငါနဲ့ကောင်မလေးတစ်ယောက်

ဆော့ကစားခဲ့တာကိုတော့

သူသိရှာတယ်...။

အရာရာပြောင်းလည်းခဲ့သလို

ပိတောက်ပင်ကြီးလည်း အိုရှာနေပြီပေါ့

ဒါပေမယ့် သူ့တာဝန်တော့

သူကျေသားပဲ...။

ကောင်မလေးကော

ပိတောက်ပင်ကြီးလိုပဲလား

အပျိုကညာ လှသွေးကြွယ်နေ
ရှာမပေါ့...။

အင်းပေါ့လေ...

ငါတောင်ပြောင်းလည်းနေပြီပဲ

တစ်နှစ်တစ်ခါမှရောက်လို့လာတာ

ပိတောက်ပင်ကြီးတောင်မှတ်မိနေမှပေါ့...။

အခုမှအမှတ်ရတယ်

ငါနဲ့ကောင်မလေး ပိတောက်ပင်ကြီး

ပင်စည်မှာ အသဲပုံလေး

ရေးထွင်းခဲ့တယ်လေ...။

ဟင်...အသဲပုံလေးရဲ့

အလယ်မှာတော့ မောင်မောင် တဲ့

ငါ့နုတ်ကနေ ရွတ်ဆိုနေမိတယ်

မောင်မောင်...။

ထိုအခိုက် ငါ့နားထဲ

ကြားရလိုက်တာကတော့

မောင်မောင် လို့ခေါ်လိုက်တဲ့

ကောင်မလေးရဲ့အသံပါပဲ...။

အော်...ကောင်မလေးရယ်

ပိတောက်လိုပဲ ငါ့အပေါ်

သစ္စာရှိစွာစောင့်နေတာပါလား

ရင်ခွင်အစုံနွေးထွေးစွာနဲ့...။

Undelet ဆော့ဝဲလ်


သူငယ်ချင်းများကို ဆော့ဝဲလ်လေးဖြန့်ပေးလိုက်ပါတယ်။Undelet ဆော့ဝဲလ်လေးပါ။

သူငယ်ချင်းများ Shit+Delet+Enter နဲ့ဖြတ်လိုက်တဲ့ File များကိုပြန်လည်ရှာချင်တယ်ဆိုရင်

ပြန်ရှာတဲ့ဆော့ဝဲလ်လေးပါ။File Size ကနည်းနည်းလေးပါ 3.14MB ပဲရှိပါတယ်။အသုံးဝင်

မယ်ထင်လို့ တင်ပေးလိုက်ပါတယ်။အားလုံးအဆင်ပြေမယ်ထင်ပါတယ်။ဆော့ဝဲလ်ကိုတော့

ဒီမှာ ဒေါင်းလော့ချယူကြပါ။အားလုံးပျော်ရွှင်ပါစေ...။

Sunday, March 22, 2009

Smartrecorder ဆော့ဝဲလ်


အားလုံးပဲမင်္ဂလာပါ...အခုဖော်ပြပေးမယ့်ဆော့ဝဲလ်လေးကတော့ သူများချင်းများကြိုက်နှစ်သက်

ကြမှာပါ..Recorder လေးပါ...သူငယ်ချင်းများစိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ်...ပျင်းလို့ပဲဖြစ်ဖြစ်...

သူငယ်ချင်းများစုမိတဲ့အခါပဲဖြစ်ဖြစ်...သီချင်းဆိုပြီး မိမိအသံပြန်သွင်းထားလို့ရတာပေါ့...ဒီဆော့

ဝဲလ်က အသံကြည့်လင်ပြတ်သားမှူ 100% ရှိပြီးသားပါ...ဇာတ်ကားများထဲမှာသီချင်းများကြိုက်

လို့ Recor လုပ်ရင်လည်းလွယ်ကူပါတယ်...အသံလည်းမူရင်အသံအတိုင်းပဲ ရရှိမှာဖြစ်ပါတယ်.

ဆော့ဝဲလ်ကိုတော့ဒီမှာ ဒေါင်းလော့လုပ်ယူကြပါ...အားလုံးပျော်ရွှင်ကြပါစေ...

Reshacker ဆော့ဝဲလ်


အားလုံးပဲမင်္ဂလာပါ...အရင်ကျွန်တော်တောင်းပန်ရပါအုံးမယ်...Post မရေးဖြစ်တာကွန်နက်ရှင်

မကောင်းလို့ ၀င်လို့မရလို့ပါ...အခုတော့ပြန်ကောင်းသွားလို့ သူငယ်ချင်းတယောက်တောင်းထား

တဲ့ဆော့ဝဲလေးတင်ပေးလိုက်တယ်နော်...ResHacker ဆော့ဝဲလေးပါ...အသုံးဝင်မယ်ထင်ပါ

တယ်...သင့်ကွန်ပျူတာကို စိတ်ကြိုက် Hack လို့ရပါတယ်...ကျွန်တော်လည်း ဖော်ပြပေးပါ့မယ့်.

အခုတော့ဆော့ဝဲလေးအရင်ယူထားကြအုံး...ဆော်ဝဲကိုတော့ ဒီမှာဒေါင်းလော့လုပ်ယူကြပါ...

အားလုံးပျော်ရွှင်ကြပါစေ...

Thursday, March 5, 2009

ချစ်ပြမယ်


စကားလုံးကို စီကာပတ်ကုံး


မပြောတက်ပေမယ့်


ရင်မှာအချစ်ဆုံးက


မင်းတစ်ယောက်တည်းပါ...


ယုံပါလို့မပြောချင်ဘူး


ပုံကာအောပြီး ချစ်ပြချင်တယ်...

Wednesday, February 18, 2009

Start bar မှာမြန်မာဖောင့်ပေါ်အောင်လုပ်ကြမယ်

သူငယ်ချင်းများအားလုံး မင်္ဂလာပါ။ကျွန်တော် ပေးထားတဲ့ကတိအတိုင်း Post တစ်နေ့တစ်ပုဒ်

ကို မအားလပ်တဲ့ကြားကတင်ပေးလိုက်ပါတယ်။အခုဆော့ဝဲလ်လေးတစ်ခုတင်ပေးလိုက်ပါတယ်။

ကြိုက်ကြမယ်လို့မျှော်လင့်ပါတယ်။Start ဘားမှာမြန်မာဖောင့်ပေါ်အောင်လုပ်တဲ့ ဆော့ဝဲလေးပါ။

Start ဘားမှာ မြန်မာဖောင့်နဲ့ရိုက်ထားတဲ့ File တွေဖွင့်ရင် မြန်မာစာလုံးတွေက အတုံးလေးတွေ

ပေါ်တာ ကြည့်ရဆိုးတယ်ဗျ။ဒါကြောင့်သူငယ်ချင်းတို့အတွက် တင်ပေးလိုက်ပါတယ်။

rrr

အားလုံးပဲနှစ်သက်ကြမယ်ထင်ပါတယ်။ဆော့ဝဲလ်လေးကို ဒီနေရာလေးမှာဒေါင်းလော့ချယူပါ။

အားလုံးပဲ ပျော်ရွှင်ကြပါစေ...။

 
mgyinaye © 2007 Template feito por Templates para Você